ဇလွန် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇလွန်မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး ၊ လမ်းဘေး ဈေးဆိုင်နှင့်အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ / မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိစျေး ၊ လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်းရှိ / မရှိကိုပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြပြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး ၊ လမ်းဘေး ဈေးဆိုင်နှင့်အိမ်ဆိုင်များဖြစ်သည့် ဆံပင် ညှပ်ဆိုင် ၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ ၊ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များ ၊ အိမ်ဆိုင်များ ၊ ဘုရားဈေးဆိုင်ခန်းများအား (၁၆-၁- ၂၀၂၁) ရက်နေ့မှ (၃၀-၁-၂၀၂၁) ရက်နေ့အထိ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချသွားရန် ၊ ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင်များအား (၁၆-၁- ၂၀၂၁) ရက်နေ့မှ(၃၀-၁-၂၀၂၁) ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၇ နာရီအထိသာ ရောင်းချသွားရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အသိပေး ပြောကြားထားကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)