အင်္ဂပူ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည် ရေလှောင်တမံမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ နွေစပါးဧက (၅၇၄၅) ဧကအား စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် နန်ကသူဆည် ရေလှောင်တမံမှ ရေလှောင်ပမာဏ ဧကပေ (၄၀၀၀၀) ဧကပေ သိုလှောင်ထားရှိပြီး အင်္ဂပူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၄) အုပ်စုတို့မှ နွေစပါးဧက (၅၇၄၅) ဧကအား စိုက်ပျိုးရေများကို တူးမြောင်းမကြီး အပါအဝင် လက်ဝဲမြောင်း ခွဲ၊ လက်ယာမြောင်းခွဲ နှင့် လက်တံမြောင်းတို့ဖြင့် လုံလောက်စွာ ပေးဝေလျက်ရှိပြီး တူးမြောင်းမကြီးအပါဝင် လက်ဝဲမြောင်းခွဲ၊ လက်ယာမြောင်းခွဲနှင့် လက်တံမြောင်းတို့အား ရေစီးရေလာ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ထားကြောင်း၊ နွေစပါး စိုက်တောင်သူများအား ဇန်နဝါရီ (၁) ရက်နေ့မှစတင်ပြီး စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း၊ ရေအသုံးချသူများအဖွဲ့ (WUG) ၂၂ ဖွဲ့အား နွေးစပါးစိုက်တောင်သူ (၁၉၄၂) ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလင်းကျော်ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)