မိုင်းစံ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် မိုင်းစံမြို့နှင့် မိုင်းရှူးမြို့သွား လမ်းမပေါ်ရှိ ပန်ခံရေကျော်တံတားနှင့် ပန်ငရေကျော် တံတားနှစ်စင်းတို့အား ရေစီးရေလာကောင်းမွန်စေရန်အတွက် ပြင်ဆင်ထိန်းသိမ်းရန် (၂၀၂၀ -၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၃၀၀) ဖြင့် အရှည်ပေ (၁၅၀)၊ အကျယ် (၂၇)ပေ၊ ထု(၆) လက်မရှိ ကွန်ကရစ်ရေကျော်တံတားနှစ်စင်းအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား မိုင်းစံမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးတင်မျိုးညွန့်က အနီးကပ် ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်မှုများအား မိုင်းစံမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် အငယ်တန်း အင်ဂျင်နီယာ ဦးတင်မျိုးညွန့်တို့မှ ယမန်နေ့ ညနေ (၄) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းခွင် လိုအပ်ချက်များအား အပြန်အလှန်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခင်ချို(ပြန်/ဆက်)