ထန်တလန်မြို့၌ အိမ်မွေးခွေးများအား ခွေးရူးပြန်‌ ‌ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ထန်တလန် ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ် ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ် ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခွေးရူးပြန်‌ရောဂါ ကြိုတင်ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ လောဟာခွီရှိန်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရှိ နေအိမ်များတွင် မွေးမြူထားသော အိမ်မွေးခွေး (၁၁၀) ကောင်တို့အား အခမဲ့ထိုးနှံပေးခြင်း ဖြစ်ပြီး ခွေးရူးပြန်ကြိုတင် ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် လိုက်လံထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ အိမ်မွေးခွေးများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးပြန်‌ရောဂါ ကာကွယ်ဆေးများ လာရောက် ထိုးနှံပေး နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)