မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်

မော်လမြိုင် ဇန်နဝါရီ ၁၉

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသ (၃၁) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် (၁၇.၁.၂၀)ရက်နေ့နှင့်(၁၈.၁.၂၀)ရက်နေ့တွင် မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၌ အသွားအလာ ကန့်သတ်ထားရှိသူများ၊ ကျိုက်ထိုမြို့နယ်စစ်တောင်းတံတားထိပ် တွင်စစ်ဆေးခဲ့သူများ၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူများ၊ အထွေထွေရောဂါ ကုဆေးရုံကြီး ပြင်ပလူနာဌာနတွင် စစ်ဆေးခဲ့သူများ စုစုပေါင်း(၁၆၈၈)ဦးကို  RDT  Test Kit  ဖြင့်စစ်ဆေးခြင်း နှင့်ပြည််သူ့ကျန်းမာရေး  ဓာတ်ခွဲမှု ဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ( ၃၁) ဦး ရှိပြီး ပိုးတွေ့ရှိသူများသည် မွန်ပြည်နယ် အတွင်း နေထိုင်သူများ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ကြောင်း ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများ အနေဖြင့် အုပ်ချုပ်ရေး (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခြင်းဖြင့် အကူညီပေးကြပါရန် ပြည်သူ့ ကျန်းမာရေးဌာနမှ မေတ္တာရပ်ခံ ပန်ကြားထား ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)