အင်းတော် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ အင်းရွာကျေးရွာ တောင်သူ ဦးသာဒွန်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် မေမြို့ပန်း စိုက်ခင်းပင်များအား ဘေးအန္တရာယ် ကင်းရှင်းသော စားသောက် ကုန်ဖြစ်စေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော စိုက်ခင်းများအတွင်းတွင် ရောဂါပိုးမွှားများ ကျရောက်မှုမှ ကာကွယ်ရန်အတွက် ပိုးသတ် ဆေးဖြန်းရာတွင် ဓာတုပိုးသတ်ဆေးအစား သဘာဝပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝဓာတ်မြေဩဇာများကို အသုံးပြုကြရန်၊ တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေရန်၊ အဆိုပါ သဘာဝ ပိုးသတ်ဆေး၊ သဘာဝပိုးနှင် ဆေးနှင့် သဘာဝဓာတ်မြေဩဇာများသည် လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမှု မရှိစေဘဲ အကုန်ကျ သက်သာမှုရှိကြာင်း၊ တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းများ ဖြစ်ထွန်း အောင်မြင် နိုင်ရေးအတွက် စိုက်ပျိုးနည်း စနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုး ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ခေတ်မီစိုက်ပျိုး နည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း ပညာပေးဆွေးနွေးခဲ့ပြီး ဟင်းသီးဟင်းရွက်ပင်နှင့် မေမြို့ပန်းစိုက်ခင်းပင်များအား အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခန့်ဇော်ပိုင် (ပြန်/ဆက်)