နာဂဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

လေရှီး  ဇန်နဝါရီ   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်း ဆွမ္မရာ၊ မိုဝိုင်းလွတ် လမ်းပေါ်ရှိ (၅၀)ပေ သံကွန်ကရစ်တံတား () စင်း တည်ဆောက်ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးနာန နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဏာနှစ် နယ်စပ်ဒေသဖွံဖြိုးရေးပြည်ထောင်စုရန် ပုံငွေကျပ် (၈၇ ဒသမ ၂၄၂)သန်း ဖြင့် စာရာမေရိမိသားစု ကုမ္ပဏီမှတင်ဒါ အောင်မြင်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးရိထင်နှင့် တာဝန်ရှိသူများက ယမန်နေ့က လုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ၄င်းလုပ်ငန်းသည်(၂၅)ရာခိုင်နူန်းပြီးစီးလျက်ရှိပြီး လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့ နယ်တို့လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ဒေသခံပြည်သူ(၁၅)ရွာနှင့်အိမ်ခြေ(၁၀၅၀)​​​​ လူဦးရေ (၅၆၀၀) တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်းသား (ပြန်/ဆက်)