သံတောင်ကြီး ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဘွဲကရင်လူမျိုးများ မိမိတို့နေထိုင် ရာဒေသ၏ တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်နှင့် စာပေဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများကို တန်ဖိုးထားဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်း ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဘွဲကရင်စာပေပြုစုရေးအဖွဲ့နော်စိန်းပန်းက ဘွဲကရင်ရေးရာ အသင်း ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နော်မူးလို(ဘွဲကရင် စာပေပြုစု ရေးအဖွဲ့) က ဘွဲကရင်မျိုးစုစာပေ နှင့် ဘာသာစကားပြန့်ပွားစေရန် ၊ ရိုးရာယဉ်ကျေးမှု များဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခေတ်နှင့် လျော်ညီစွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူနေမှု အဆင့်မြင့်မား လာစေရန်အတွက် ဆောင်ရွက်ရမည့်ကဏ္ဍများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဘွဲကရင်ရေးရာအသင်းများဖွဲ့စည်းခြင်း၊ စာပေယဉ်ကျေးမှု၊ လူငယ်ကဏ္ဍ အမျိုး ကဏ္ဍ၊ ဈေးကွက်စီးပွားရှာကြံရေးကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍ ၊ ဘဏ္ဍာရှာဖွေရေး ၊ပြန်ကြားရေး စသသည့်အဖွဲ့ဝင်(ဆပ်ကော်မတီ)များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး တက် ရောက်လာသည့် ဘွဲကရင် ရေးရာအသင်း နှင့် အဖွဲ့ဝင်များက ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်