စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီး နည်းပညာ ပြန့်ပွားရေးတာဝန်ခံနှင့် ဝန်ထမ်းများသည် လေသာကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ လေသာကျေးရွာရှိ တောင်သူ ဦးချစ်သိန်း၏ လယ်တွင် လယ်ယာထွက်စွန့် ပစ်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ မြေပဲခွံနှင့် ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးရေးစနစ်သဘာဝမြေဆွေးပုံ ( EM )ဘိုကာရှီ ပြုလုပ်ခြင်းကို ယနေ့နံနက် ( ၉ ) နာရီအချိန်က လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ သဘာဝမြေဆွေးပုံပြုလုပ်နိုင်ရန်တွက် တင့်လဲရည်၊ EM၊ လယ်ယာထွက်စွန့်ပစ် ပစ္စည်းများ ဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ မြေပဲခွံ၊ ဖွဲနု၊ နွားချေးတို့ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း၊ မြေဆွေးပုံတစ်ပုံစာအတွက် အလျား ၆' x အနံ ၄' ၊ ၆" ခြောက်လွှာလိုအပ်ပြီးကောက်ရိုး၊မြေပဲခွံ ၆" လောက်ကို ရေပါးပါးဖြန်းပေးပြီး နွားချေးနှင့်ဖွဲနုကို ပါးပါးဖြူးကာ ဖွဲနုပေါ်မှ EM ၊ တင့်လဲရည် အရောကို ၃ ဂါလံဖြန်းပေးရန်လိုအပ်ကြောင်း၊ သဘာဝမြေဆွေးပုံပြုလုပ်ပြီး (၁)လမှ (၂)လအတွင်း စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အသုံးပြုပုံမှာစပါးမှာဆိုရင် ထယ်ရေးပြင်ချိန်မှာ(၁)ဧကကို ၅ ပုံမှ ၁၀ပုံ အထိထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ နှစ်ရှည်ပင် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ် ခြံသီးနှံပင်တွေမှာ အစိုဓါတ်ရှိချိန်တွင် ဘေးတွင်ပုံပေးရမည်ဖြစ်ကြောင်း၊ သဘာဝမြေဆွေး အသုံးပြုပြီး ရရှိလာမည့် အကျိုးကျေးဇူးတွေကတော့ စပါးမှာဆိုရင် ကောက်လှန်ရက်စောခြင်း၊ ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ မြေဆီလွှာဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်၊ ဇီဝဂုဏ်သတ္တိများ ကောင်းမွန်ခြင်း၊ သီးနှံပင်၏အစာချက် လုပ်ငန်းကောင်းမွန်စေခြင်း၊ မြေတွင်းရှိ အဏုဇီဝ တိုးပွားစေခြင်း၊ သီးနှံအထွက်တိုးပြီး ဈေးကောင်းများ ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန KC တာဝန်ခံများမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။
ရဲလင်းထွန်း (ထီးချိုင့် )