သတင်းများ

ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက အစိုးရနည်းပညာ ကောလိပ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့၌ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး
Jan 19,2021
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၀)နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်းသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးဒေသ သောက်သုံးရေအခက်ကြုံနေသည့်ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော် လှူဒါန်း
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့၌ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရ သည်။
တောင်ကြီးမြို့တွင် နေရပ်ပြန် ၁၅၁ ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ “ဝ” အထူးဒေသ၊ မိုင်းပျဲန်မြို့၊ စီးကရက် စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးကရက် စက်ရုံ ပိတ်သိမ်းသဖြင့် စက်ရုံမှမော်တော်ယာဉ်ဖြင့် ထန်မွန်းကျေးရွာအနီး လာရောက်ပို့ဆောင်သည့် နေရပ်ပြန် ကျား(၉၂)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း (၁၅၁)ဦးအား NDAA(မိုင်းလား) မိုင်းယန်းနယ်စပ်ဒေသတွင် လွှဲပြောင်း၊ လက်ခံရေးအဖွဲ့မှ စနစ်တကျ ကျန်းမာရေးစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် မော်တော်ယာဉ်ကား ၃ စီး ဖြင့် မိုင်းယန်းမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး လွှဲပြောင်း၊လက်ခံရေးအဖွဲ့မှ စနစ်တကျ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်းကို တောင်ကြီးမြို့ T B C ကားကြီးကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 19,2021
          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက် လမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ယာဉ် (၉) စီး ဆင့်တိုက်မှုဖြစ်ပွား
Jan 19,2021
ပုဇွန်တောင် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလတံတား အဆင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ယာဉ်ကိုးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌန၊ ဗထူးခန်းမ၌ ကျင်းပသည်။
တီးတိန်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ပြုလုပ်
Jan 19,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။