ကော့ကရိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ကာကွယ်ဆေးများထိုးနှံပေး

ကော့ကရိတ် ဇန်နဝါရီ  ၁၉

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဦးစီးဌာနက အပတ်စဉ် ကာကွယ်ဆေးများ ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက T.d မေးခိုင်ကာကွယ်ဆေးနှင့် ဆုံစို့ကြက်ညှာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆေးပေးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိခင်နှင့်က​လေးကျန်းမာရေးဌာနက ကော့ကရိတ်မြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား  Td မေးခိုင်ကာကွယ်ဆေး ဆုံစို့ကြက်ညှာ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်တိုင်းခြင်း၊ သွေးစစ်ပေးခြင်း ကိုယ်ဝန်ဆောင်အားဆေးပေးခြင်းနှင့် ကိုယ်ဝန်စမ်းသပ်ပေးခြင်း များဆောင် ရွက်ပေးခဲ့ပြီး ခရိုင်မိခင်နှင့် က​လေး​စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့ဥက္ကဋ္ဌ​ဒေါ်သက်သက်စိုး၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ​ဒေါ်သက်သက်စိုး၊ ဒေါ်အေးအေးနွယ်နှင့် အဖွဲ့ဝင်တို့မှ ကိုယ်ဝန်ဆောင်မိခင်များအား လာရောက်ကြည့်ရှု့ နှစ်သိမ့်အားပေးခဲ့ကြောင်း သိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)