အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ နံနက်စာများ လာရောက်လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါ ကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အသင့်စားသုံးနိုင်သည့် ရွှေတောင်ခေါက်ဆွဲပွဲ(၂၅၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင်သည့် ရွှေတောင် ခေါက်ဆွဲပွဲ (၂၅၀)ကို ခေတ်သစ်စားဖွယ်ရာမှ တာဝန်ရှိသူများက လှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူ များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)