ကန်ပက်လက်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းများဆိုင်ရာ အစည်းအဝေးပြုလုပ်

ကန်ပက်လက် ဇန်နဝါရီ ၂၀

မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်း အစည်းအဝေးကို ကန်ပက်လက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်း ဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို လုပ်ငန်း အမျိုးအစားအလိုက် ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲ၌ ကန်ပက်လက်မြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအမျိုးအစားအလိုက် ပြည်ထောင်စု ဘတ်ဂျက်လျာထား ရန်ပုံငွေကျပ်သန်း (၁၅၀၂၈.၉၄၁)သန်း၊ ပြည်နယ်ဘတ်ဂျက် လျာထားရန်ပုံငွေ ကျပ်သန်း (၂၅၀၉၆.၈၂၄) သန်းဖြစ်ပြီး၊ လျာထားရန်ပုံငွေ(နှစ်ရပ်)ပေါင်းမှာ ကျပ်သန်းပေါင်း (၄၀၁၂၅.၇၆၅) သန်းရှိကြောင်း မြို့နယ်စီမံကိန်း ဦးစီးထံမှ သိရသည်။

သန်းမောင်(ပြန်/ဆက်)