ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အစဉ်အမြဲ စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်မှုများဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၂၀

ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ ရက်များအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ​သည်။

လေ့ကျင့်မှုများ ဆောင်ရွက်ရာ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း ၏ လမ်းညွှန်မှုဖြင့် မီးသတ်ဝန်ထမ်းများသည် အစဉ်အမြဲစွမ်းရည် ပြည့်ဝနေရေး မီးဘေးအန္တရာယ် ကာကွယ်တားဆီး ရေးအတွက် မီးငြှိမ်းသတ်ရေး- ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မိမိ၏ တပ်ဖွဲ့ဝင်များ အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေစေရန် အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)