တိုက်ကြီးမြို့နယ်၌ တီဘီရောဂါရှာဖွေရေးအဖွဲ့မှ အဖျောက်မြို့သို့ နယ်လှည့်ကွင်းဆင်း ရှာဖွေကုသပေး

တိုက်ကြီး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ဒေါက်တာရဲထွဋ်ကျော် ဦးဆောင်၍ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အဖျောက်မြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာကောင်းမြတ်ထက်နှင့် နယ်မြေခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့က အဖျောက်မြို့ (၂) ရပ်ကွက် လောကမာန်အောင် မဟာသံတန်ဆောင်းတော် ဘုရားကြီးအတွင်း၌ နယ်လှည့်ကွင်းဆင်းကာ တီဘီရောဂါရှာဖွေကုသခြင်းများ အခမဲ့ဆောင်ရွက်သည်။

အဆိုပါအဖွဲ့သည် အဖျောက်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား တီဘီရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကုသပေးခဲ့ရာ လာရောက်ပြသစစ်‌ဆေးသူ ၂၀၃ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ ၃ ဦး၊ သလိပ်စစ်ဆေးမည့်သူ ၄ ဦးရှိကာ ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းဇော်၊ အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး၊ အဖျောက်မြို့ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲ အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)