ကလေး ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တာဟန်းရပ်ကွက်နယ်မြေ (၁၀) တွင် ယမန်နေ့ မွန်းလွှဲပိုင်းက ဆိုလာပြား တပ်ဆင်ထားသည့် ဘတ္တရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးနိုင်နှင့်ဝန်ထမ်းများက ဆန်ရိက္ခာအတွက် (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းပ ျက်စီးဆုံးရှုံးမှုအတွက် ကျပ်ငွေ (၉၀၀၀၀) စုစုပေါင်း (၉၄၂၀၀) ကျပ်အား ကယ်ဆယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပေးအပ် ထောက်ပံ့ကြရာ မီးဘေးသင့် အိမ်ထောင်စုမှ ဦးဆန်းလှေခုပ်က လက်ခံရယူခဲ့သည်။
အဆိုပါ ဆိုလာပြားတပ်ဆင်ထားသည့် ဘတ္တရီအိုးအပူလွန်ကဲရာမှမီးလောင်မှုကြောင့် လူနေ အိမ်အပေါ်ထပ်(၁) ထပ်နှင့် စုဘူးသေတ္တာအတွင်းရှိ ပိုက်ဆံများ၊ ဆိုလာပြား 200W နှင့်ဘတ္တရီအိုး (70)W (၁)လုံး ခန့်မှန်းခြေ ကျပ်ငွေ( ၉၆၁၀၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)