ပန်းတနော် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာများအတွက် နှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) ရေးဆွဲဆောင်ရွက်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်နှင့် သင်တန်းဆရာမ ဒေါ်ထက်ထက်လှိုင်းတို့က တက်ရောက်လာကြသော သင်တန်းသား/ သူများအားနှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေသုံးစွဲမှုအတွက် ဖြည့်သွင်းရေးသွင်း ဆောင်ရွက်နိုင်ရေးစသည့် (AVIP) ရေးဆွဲဆောင်ရွက်နည်းများအား သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကျေးရွာ ၂၆ ရွာမှ တစ်ရွာလျှင် ၂ ဦးစီဖြင့် သင်တန်းသား/ သင်တန်းသူ ၅၂ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)