မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၂
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်များသို့ စက်သုံးဆီများ ပို့ဆောင်ပေးလျက်ရှိသော သယ်ယူ ပို့ဆောင်ရေးယာဉ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်သည်။
ယခု့ကာလသည် ပွင့်လင်းခြောက်သွေ့သော ရာသီရောက်ရှိနေပြီ ဖြစ်ပါသောကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်နှင့် သန္ဓေတပ်ဖွဲ့ဝင်များမှ စက်သုံးဆီဆိုင်များသို့ ဆီသယ်ယာဉ်၊ ဆီသယ်သင်္ဘောများပေါ်မှ ဆီတင်၊ ဆီချ ဆောင်ရွက်ချိန်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်သည်။
အဆိုပါယာဉ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူး ထားရှိမှု၊ အခြေအနေများနှင့် လွယ်လင့်တကူ အသုံးပြုတက်စေရန် ဆောင်ရွက်ပေးခြင်းများ ပြသပေးခြင်း၊ မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအောင် (ပြန်/ဆက်)