တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၂၀)ဦး ကိုဗစ်- ၁၉ ရောဂါ ပိုးရှိမရှိစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ

တီးတိန်       ဇန်နဝါရီ       ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့၌ FacilityQuarantine ဝင်ရောက်သူ (၂ဝ)ဦးအား ယနေ့နံနက်ပိုင်းက  ကိုဗစ် -၁၉ရောဂါပိုးရှိမရှိ ၄င်းတို့၏ Swab နမူနာများကို RDT ဖြင့်ဓာတ်ခွဲစစ်ဆေးရာ အားလုံးတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

၄င်းတို့မှာ ကိုဗစ် -၁၉ ရောဂါ အတည်ပြုလူနာများနှင့်ထိတွေ့သူများဖြစ်၍ သတ်မှတ်ထားသည့် Facility Quarantine Center နေရာများတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူများ ဖြစ်ကြကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)