ဟိုပန် ဇန်နဝါရီ ၂၂
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ဟိုပန်မြို့ မိန်းပန်း‘ဝ’ရပ်ကွက်နှင့် နောင်မိုကျေးရွာအုပ်စုတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများပူးပေါင်း၍ ဆောင်ရွက် ခဲ့သည်။
လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ သက်ကြီးရွယ်အိုများ ဝင်ငွေဖူလုံမှုရှိစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်စေရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ ရယူနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဟိုပန်မြို့၌ အသက်(၈၅)နှစ်နှင့် အထက်ရှိသူ ဘိုးဘွား(၆၀)ဦးအား ထောက်ပံ့နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် ပထမသုံးလပတ်တွင် ဟိုပန်မြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၆)ဦးအား တစ်လလျှင် တစ်သောင်းကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ်သုံးသောင်း ကိုထောက်ပံ့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဘိုးဘွား(၆၆)ဦးအနက်မှ အသက်(၁၀၀)နှစ်နှင့်အထက်ရှိသူ ဘိုးဘွား(၄)ဦးကိုလည်း တစ်ဦးလျှင်ငွေကျပ် သုံးသောင်းကို ထပ်မံဖြည့်စွက် ထောက်ပံ့ ပေးခဲ့ကြောင်း ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသက်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)