ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း  Mask အခု(၁၀၀၀) အခမဲ့ ဖြန့်ဝေ

ပုလော  ဇန်နဝါရီလ   ၂၂   ရက်

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း  Mask အခု(၁၀၀၀)ကို ပုလောမြို့ ပြည်ထောင်စု လမ်းမကြီး(ဗိုလ်ချုပ်လမ်း) ပလာဇာ အရှေ့တွင် ယနေ့ နံနက် (၉)နာရီက အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

            ထိုသို့  နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးရာတွင် ပုလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ၀န်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၀င်များ၊  သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ၀န်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပါ၀င် ကူညီဆောင်ရွက်ခဲ့ကြပြီး၊ နှာခေါင်းစည်း  Mask အခု (၁၀၀၀) နှင့်အတူ  တနင်္သာရီတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ထုတ်ဝေသည့် အားကစားအသိပညာပေး လက်ကမ်းစာစောင် (၄၅၀) စောင်ကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)