ကော့သောင်း ၊ ဇန်နဝါရီ ၂၂
ကော့သောင်းမြို့နယ်လုံးဆိုင်ရာဓမ္မစကူးဖေါင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ဓမ္ပစကူးကျောင်းသား ကျောင်းသူ များအား zoom application သုံးစွဲကာအွန်လိုင်းစနစ်ဖြင့် သင်ခန်းစာများပို့ချသင်ကြားပေးနိုင်ရေး applicationအသုံးပြုနည်းဆိုင်ရာ နည်းလမ်းများအားမိတ်ဆက်သည့်အစီအစဉ်အားယမန်နေ့မွန်းလွဲပိုင်း က ကော့သောင်းမြို့၊ နိဗ္ဗာန်အေးဘုန်းတော်ကြီး ကျောင်း တွင်ပြုလုပ်ရာ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်း အကျိုးတော်ဆောင်ဆရာတော် သံဃာတော်များ၊ သင်တန်းနည်းပြများတက်ရောက်ကြသည်။
ကျောင်းသား ကျောင်းသူကလေးငယ်များအား ဗုဒ္ဓဓမ္မစာပေများ တက်ရောက်သင်ကြား လိုသည့်စိတ်များ တိုးပွားလာရေး ၊ ငယ်ရွယ်စဉ် ကလေးဘဝမှစကာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများအား တန်ဖိုးထားထိန်းသိမ်း တပ်လာရေး ၊ ကျောင်းသားကျောင်းသူများဘာသာသာသနာအားအစဉ် စောင့်ရှောက် ထိန်းသိမ်း လိုသည့်စိတ်များ ရင့်သန်ခိုင်မာလာရေး ရည်ရွယ်ဖွင့်လှစ်ပို့ချသင်ကြားလျှက်ရှိသည့် ဓမ္မစကူး ဖေါင်ဒေးရှင်းသင်တန်းများအား ကိုဗစ်၁၉ထိန်းချုပ်မှုကာလ တစ်လျောက်ယာယီပိတ်ထားရာမှ နည်းပညာ၏အကူအညီဖြင့် သင်တန်းများပြန်လည်ဖွင့်လှစ်ပို့ချသင်ကြားပေးနိုင်ရေး သင်တန်းနည်းပြများအား ကျွမ်းကျင်ပညာရှင်များမှ zoom application အသုံးပြုကာ အွန်လိုင်း မှတဆင့် သင်တန်းသား ကလေးငယ်များအား မိမိအိမ်တွင်နေထိုင်ရင်း သင်ကြားပို့ချမှုလုပ်ငန်းများ အား ဆောင်ရွက်နိုင်ရန် zoom application သုံးစွဲချိတ်ဆက်မှုနည်းပညာများအား မိတ်ဆက်ရှင်းလင်းမျှဝေပေးခြင်းဖြစ်သည်။
`ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်ကာလတစ်လျှောက် ယာယီရပ်နားထားသည့် ဓမ္မစကူးဖေါင်ဒေးရှင်း သင်တန်းများကို (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ လိမ္မာယာဉ်ကျေးသည့် အနာဂါတ်မျိုးဆက်များ ပေါ်ထွန်း လာရေး အခြေခံပညာ ကျောင်းများ ပိတ်ထားသည့်ကာလအတွင်း ကျောင်းသားကျောင်းသူကလေးငယ်များအား မိမိအိမ်မှာနေထိုင်ရင်း သင်တန်းနည်းပြများက မိမိတို့ရပ်ကွက်ရှိသင်တန်း သားများကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာများအသုံးပြုကာ zoom application ဖြင့် လာမည့်ဖေဖေါ်ဝါရီလ အတွင် ပြန်လည်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)