မန္တလေး ဇန်နဝါရီ ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာ သွားလာရာတွင်နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မင်းတဲအီကင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မင်းတဲအီကင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ အဆိုပါရပ်ကွက်အတွင်းရှိ ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင် သွားလာကြစေရန်အတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခုရေ(၁၀၀၀)ကို အိမ်ခြေ(၄၀၀)ခန့်အား အိမ်တိုင်ရာ ရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)