ဟင်္သာတ၌ စွန်ပစ်အမှိုက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

ဟင်္သာတ ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဟင်္သာတမြို့ ပေါ်ရှိ လူစည်ကားသည့် လမ်းဆုံများတွင် ယနေ့နေ့လည်ပိုင်းက စွန်ပစ်အမှိုက် အကြောင်း သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

“လူသားများအနေဖြင့် နေ့စဉ်အသုံးပြုသည့် အရာ၀တ္ထုများမှ စွန့်ပစ်သည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ မြေ၊ လေ ညစ်ညမ်းမှုများနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်စေခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်း မှုများကို ကာကွယ်နိုင်ရေးအတွက်” ရည်ရွယ်၍ ဖြန့်ဝေအသိပညာ ပေးခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးရန်နိုင်ထွန်း ထံကသိရှိရသည်။

 အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ ၊မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ စသည့် မိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းပြီးလမ်းသွား၊ လမ်းလာ ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)