လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် ဆောင်းသီးနှံမြေပဲ စံကွက်ရိတ်သိမ်း

လှိုင်းဘွဲ ဇန်နဝါရီ  ၂၂

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝါးခုတ်တောကျေးရွာတွင် စိုက်ပျိုးထားသော မြေပဲ စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရွှေဂွန်းစိုက်ပျိုးရေး နည်းပညာပေး တာဝန်ခံ ဦးစိုးမင်းထွန်းနှင့်တာဝန်ရှိသူများက သာယာကုန်းကျေးရွာအုပ်စု ဝါးခုတ်တောကျေးရွာ တောင်သူ မရွှေမြင့် စိုက်ခင်းတွင် စိုက်ပျိုးထားသော ဂျပန်လေးမျိုးနှင့်မြေပဲစိုက်ခင်းကို စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက် နှုန်း(၆၉)တင်း ထွက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)