ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆောင်ရွက်

ကျွန်းစု ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ ပေါ့ဆနေမှုမရှိဘဲ Mask တပ်ဆင်အသုံးပြုရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်ရှိ ‌‌မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်း တို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဖြိုးဝေလင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲကိုကိုဝင်း နှင့် တာဝန်ရှိသူများက လမ်းသွားလမ်းလာပြည်သူများအား Maskများ နှင့် အားကစား၏အဓိပ္ပါယ်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ  စသည်အားကစားနှင့် သက်ဆိုင်သည်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြပြီး  အ.ထ.က ကျွန်းစုကျောင်းမှ ကျောင်းသူများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး သရုပ်ပြ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)