မြိုင် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မီးသတ်စခန်းမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စက်သုံးဆီရောင်းချနေသာ ဆီဆိုင်များသို့ လိုက်လံ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲအောင်၏လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုပါ ဆောင်ရွက် ပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စက်သုံးဆီရောင်းချနေသော ဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း များက ကိုယ်တိုင်ပါဝင် သရုပ်ပြကာ လက်တွေ့မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သူရ(ပုံတောင်)