ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီအစဉ်ဖြင့် ဒလမြို့နယ်ရှိ အိမ်ထောင်စု ၃၀၀ ကို အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၂၅

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား ပြည်သူများ အနေဖြင့် အခက်အခဲများ ကြုံတွေ့လျက်ရှိရာ စားသောက်ရေးအခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေ ခြင်း အစီအစဉ်ဖြင့် We Love Yangon အဖွဲ့မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့်  အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီက  အခြေခံအိမ်ထောင်စု  ၃၀၀ အတွက် စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Vito ပဲနို့၏ ၃ နှစ်ပြည့် အထိမ်းအမှတ် ပဲနို့ ၁၅၀ ပါကင် နှင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ အခြေခံ စားသောက် ကုန်များကို  မြို့မ ၁ ရပ်ကွက် ၊ မြို့မ ၃ ရပ်ကွက်၊ မြို့မ ၄ ရပ်ကွက်၊   ၆ နံပါတ်ရပ်ကွက်၊ တာကြီးရပ်ကွက်၊ ငါးတန်တံရာကျေးရွာနှင့်  ထော်အောက်ကျေးရွာတို့ရှိ  အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀ စုအတွက်  တစ်အိမ် ထောင်လျှင်  ဆန်ခြောက်ပြည် အိတ်၊  ခေါက်ဆွဲခြောက် တစ်ပါကင်၊ ဆီ ၁ ဘူး၊ ငါးသေတ္တာ ၅ ဘူး၊ ပဲနို့ ၄ ဘူး  စသည့် အခြေခံစားသောက်ကုန်များကို Vito ပဲနို့ ကုမ္ပဏီမှ Brand Assistant ဒေါ်နှင်းထက်ထက်ရှိန်နှင့် ဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦးကျော်လင်းနှင့် We Love Yangon-Dala လူထုအခြေပြု ပရဟိတ အဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်း ပေးခဲ့ ကြသည်။

We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ပြည်သူမှ ပြည်သူသို့မျှဝေရေး အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဒလမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာ များရှိ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၃၀၀၀ ဝန်းကျင်ကို အခြေခံစားသောက် ကုန်များ ထောက်ပံ့ လှူဒါန်း ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်း က ပြောကြားခဲ့သည်။

နိုင်လင်းကျော်(IPRD)