တာလေမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

တာလေ         ဇန်နဝါရီ        ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုရှိ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့‌ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးဌာနက ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်‌ရှောက်ရေးအသင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို သက်သာစေရန်နှင့် မိသားစုစားဝတ်နေရေးအခက်အခဲများ ပြေလည်စေရန် ၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ် အဖြစ် တာလေမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား နောက်တိုး အိမ်ထောင်စု (၇၂၄)စုသို့ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါ စံသတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့‌ငွေများကို အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)