ဟိုပုံး ဇန်နဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် (၁၉၂.၀၀၀)သန်းဖြင့် ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စုနှင့် လုံခုတ်ကျေးရွာအုပ်စုရှိ နမ့်ပေါ်ဟွန်း-သက်သာ-ပုံချောင် မြေလမ်း အား (၁/၄)မိုင် ကျောက်ခင်းခြင်း (ကတ္တရာပံ့ပိုး)လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် တာဝန်ရှိသူတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ (ကတ္တရာပံ့ပိုး) ကျောက်ခင်းခြင်းလုပ်ငန်း (၁/၄)မိုင် အနက် (၀/၆)မိုင် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါမြေသားလမ်း(၁/၄)မိုင်အား ဆောင်ရွက်ပြီးစီးပါက ရှမ်းပြည်နယ်တစ်ခုလုံးနှင့် အခြား တိုင်းပြည်နယ်များသို့ သွားလာရန် ယခင်ကထက်ပိုမိုလွယ်ကူမှုရှိပြီး ဒေသအတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ (၁၀၂၀)အိမ်၊ အိမ်ထောင်စု(၁၀၂၆)၊ လူဦးရေ(၅၁၃၀)ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက်ပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာကာ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်းနည်းပါးလာမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)