သတင်းများ

ဘုတ်ပြင်းမြို့နယ်တွင် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု ( ၃၆၁၄ )စုအား ထောက်ပံ့ငွေများ ပြန်လည်ထောက်ပံ့ပေးအပ်
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရက အခြေခံလူတန်းစား စတုတ္ထအကြိမ် ထောက်ပံ့သည့်ထပ်ထိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေ များပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ တွင်ပေးအပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကာကွယ်ရေး အသိပညာပေးဟောပြောမှုနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်း ခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် မီးဘေး ကာကွယ်ရေး အသိပညာပေးဟောပြောမှုနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုကို ထန်းတောကျေးရွာအနီးရှိ မြို့အဝင် မြို့ရှောင်လမ်း ဖောက်လုပ်နေသည့် နေရာသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ် ဖွဲ့စည်း
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင် ၊ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍ အမှတ်(၃)ရပ်ကွက် အမက(ခွဲ)ကျောင်းတွင် ဖွဲစည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူးမှ ကန်ပက်လက်မြို့နယ် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 26,2021
ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်သည် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကန်ပက်လက် မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်သည်။
ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Jan 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Jan 26,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း က လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 26,2021
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရ သည်။
မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား(ထပ်တိုး)အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။