ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး ပေး
Jan 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဇွဲကနာ ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ များကို ယမန်နေ့က အိမ်အရောက် လိုက်လံ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။