ဖြူး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကုန်ထုတ် လမ်းနှင့် ကုန်ထုတ် လမ်း ပေါ်ရှိ တံတားလုပ်ငန်းဆောင်ရွက်မည့် မြေပြင် အခြေအနေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်း ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်(၁၀)နာရီ၌ ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၉၉.၅၅သန်းဖြင့် သစ်ချောက်ခင်ကျေးရွာ စိုက်ပျိုး မြေ ဧက ၃၀၀ ကို အကျိုးပြုနိုင်သော အရှည် ၀/၆ ဒသမ ၈၂ မိုင်၊ အကျယ် ၁၂ ပေ ၊ အမြင့် ၉လက်မရှိသည့် ကုန်ထုတ်လမ်းနှင့် ၎င်းကုန်ထုတ်လမ်းမပေါ်ရှိတံတား(ကွန်ကရစ်) အရှည် ၁/၄၀ ဒသမ ၄၀ မိုင်၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ပေ ရှိသော တံတား ဆောင်ရွက်ရန် တင်ဒါအောင်ကုမ္ပဏီ၊QC ကုမ္ပဏီ၊ ကျေးရွာ ကုန်ထုတ်လမ်း တည်ဆောက်ရေး ကော်မတီဝင်များနှင့် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ချောက်ခင်ကျေးရွာ ကုန်ထုတ်လမ်း၊တံတား ဆောက်လုပ်ပြီးပါက စိုက်ပျိုးမြေဧက ၃၀၀ ကို အကျိုးပြု နိုင်မည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရပါသည်။
ဖြူး(ပြန်/ဆက်)