မြောင်းမြမြို့ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မြောင်းမြ ဇန်နဝါရီ ၂၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသည့် ဆေးများတွင် FDA ထောက်ခံချက် မပါရှိသည့် တရုတ် တိုင်းရင်းဆေးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကို ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်း ဆောင်ရွက်မှုတွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစုစုသင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ​မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆေးများတွင် FDA ထောက်ခံချက် မပါရှိသည့် တရုတ် တိုင်းရင်းဆေး  ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ တရုတ်တိုင်းရင်းဆေးများ တရားမဝင်ရောင်းချမှု မရှိစေရေးနှင့် ပြည်သူများ ဝယ်ယူသုံးစွဲမှု မပြုနိုင်ရေးအတွက် ပူးပေါင်း စစ်ဆေးသည့်အဖွဲ့က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)