ပလောက် ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင် ၊ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍ အမှတ်(၃)ရပ်ကွက် အမက(ခွဲ)ကျောင်းတွင် ဖွဲစည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ပုလောမြို့ နယ် ဌာနဆိုင်ရာ ပူးပေါင်းရေးအဖွဲ့ မှ ပလောက်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ က ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ နည်းပဒေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
ပလောက်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင်ဝန်ထမ်းဆောင်နိုင်ရေးအတွက် စတင်တာဝန်ထမ်း ဆောင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက် ရန်ရွေးချယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ရပ်ကွက်(သို့)ကျေရွာအုပ်ချုပ်ရေးကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ် ကာလအတွင်းအပြီး သတ်မှတ် ကာလအတွင်း အပြီး ရွေးချယ်ဖွဲ့စည်းပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများထံမှသိရသည်။ တာဝန်ရှိသူ များထံမှ သိရသည်။
ပလောက် ပြန်/ဆက်