သတင်းများ

မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး
Jan 26,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် တိုင်းရင်းဆေးနှင့် အိမ်သုံးဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များ တွင် မှတ်ပုံတင်ထားခြင်း မရှိသော တရုတ်တိုင်းရင်းဆေး Lianhua qingwen Jiaonang ရောင်းချ ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျိုက်ဒုံမြို့တွင်​ ဗေဒါလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်
Jan 26,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၂.၈၀၀)ကျပ်သန်းဖြင့်ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဗေဒါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် (၅၅၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထု ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်း ဖွင့်လှစ်ပို့ချ
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသည်။
စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများ တွေ့ဆုံဆွေးနွေး
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ် ကျေးရွာအုပ်စုများ အတွင်းရှိ လယ်ယာမြေများပေါ်တွင် စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်က ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မေတ္တာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် မေတ္တာမြို့ပေါ်ရပ်ကွက်များ တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်ခန့်က မေတ္တာမြို့နယ်​မြေခံမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးသူရကျော် ဦးဆောင် သောအဖွဲ့က မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် ရပ်ကွက်များ သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမျိုးသမီးကော်မတီနှင့် ကျား/မဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း စကားဝိုင်းကျင်းပ
Jan 26,2021
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမျိုးသမီးကော်မတီနှင့် ကျား/မဆိုင်ရာ အသိပညာပေး ဆွေနွေးခြင်း စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမှတ်(၁၄) ရပ်ကွက်ရှိ ဓမ္မာရုံတွင် (Generation Tree) အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Jan 26,2021
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၉) ရပ်ကွက်၊ (၁၁)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ (၁၃)ရပ် ကွက်၊ (၁၄)ရပ်ကွက်၊ (၁၆)ရပ် ကွက်၊ (၁၈)ရပ်ကွက်၊ (၂၀)ရပ်ကွက်၊ အပြင်ပဒံကျေးရွာတို့တွင် Box Culvert များ နှင့် ကွန်ကရစ် လမ်းခင်း ဆောင်ရွက်ပြီးစီးသည့် လမ်းများအား ကွင်းဆင်းကြည့်ရှု စိစစ်မှုများ ပြုလုပ်ခဲ့သည်။