ဘုတ်ပြင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရက အခြေခံလူတန်းစား စတုတ္ထအကြိမ် ထောက်ပံ့သည့်ထပ်ထိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေ များပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ တွင်ပေးအပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်ကနိုင်ငံတော်မှ အခြေခံလူတန်းစား ထပ်ထိုး အိမ်ထောင်စုများကို ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရန်နှင့်သက်ဆိုင်ရာအိမ်ထောင်စုများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ကြရန်နှင့်ဆောင်ရွက်ရမည် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ရှိ အခြေခံလူတန်းစား ထပ်ထိုး အိမ်ထောင်စု ( ၃၆၁၄ )စု အတွက် ငွေကျပ် ( ၇၂၂)သိန်း(၈)သောင်းကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လွဲပြောင်း ပေးအပ်ခဲ့သည်။အဆိုပါထောက်ပံ့ငွေများကို အခြေခံ လူတန်းစာအိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် သက်ဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များက ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)