မက်မန်းမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးသစ်အဆောက်အဉီပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

မက်မန်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးရုံး အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးရုံး ဟောင်း မြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ မင်္ဂလာအချိန်ကျရောက်ပြီဖြစ်၍ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးစိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းနေစိုး၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးညီဆန်းဝင်း၊ ငွေမော်ဖဆောက်လုပ်ရေး မန်နေဂျင်းဒါရိုက်တာ ဦးယောနတို့က မင်္ဂလာပန္နက်များကို သတ်မှတ်နေရာများတွင် စိုက်ထူပေးခဲ့ကြသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးနိုင်၊ မြို့နယ် လ..ကဦးစီးမှူး၊ ဦးဇော်မျိုးအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဆန်းအောင်ထွေး၊  မြို့နယ်စီပင်အမှုဆောင်အရာရှိ  ဦးဝေယံထွန်း တို့က        တက်ရောက်ကြပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်မည့် မြို့နယ်စိုက်ပျိုးရေးရုံး နှစ်ထပ်အဆောက်အဦကို ငွေမော်ဖဆောက်လုပ်ရေးကုမ္ပဏီလီမီတက်မှ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)