မြိုင် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့သည်။
မြိုင်မြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဝန်ထမ်း(၂၈၁)ဦးတို့ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံရာတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်ဦးဆောင်၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှဝန်ထမ်း (၁၀၀) ဦးအားဇန်နဝါရီလ၂၇ရက် ညနေပိုင်းတွင် စတင်ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသောကျန်မာရေးဝန်ထမ်းများ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများအား ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် အပြီး ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားခဲ့သည်။
ယခုထိုးနှံပေးသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တပတ်(၄) ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမဦးစားပေး အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ အားစတင်ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။
သူရ(ပုံတောင်)