တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က အဖွင့် အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးသည်။ ထို့နောက် မြစိမ်းရောင်စီမံကိန်း အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ သည့် စံပြ ထူးချွန်ဆု၊ စာရင်းဇယား မှန်ကန်စွာ ဖြည့်သွင်းမှု အကောင်းဆုံးဆု၊ ရန်ပုံငွေ ကော်မတီဝင်များ စည်းလုံးညီညွတ်မှု အကောင်းဆုံးဆုများ ရရှိခဲ့သည့် ကျေးရွာအုပ်စုများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးသက်ဖြူ က စံပြထူးချွန်ဆုရ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ တဘူးဝကျေးရွာ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေ အနေများကို ရှင်းလင်းပြေားကြားပြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာ (၄၂)ရွာ၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို မြစိမ်း ရောင်ကျေးရွာ (၄၂)ရွာမှ ကော်မတီဝင်များက သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

စန်းကလျာခိုင်(ပြန်/ဆက်)