ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ရွှေကူ ဇန်နဝါရီ ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပတ္တမြားမင်းကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

နှစ်ပတ်လည်အခမ်းအနားတွင် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းဉက္ကဋ္ဌ ဦးဝင်းဖေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘဏ္ဍာရေးမှူး ဦးစောလွင်က မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်း၏ ရငွေနှင့်သုံးငွေ စာရင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ နိဗ္ဗာန်ယာဉ်()စီးနှင့် လူနာတင်ယာဉ်()စီးအား လှူဒါန်းပေးခဲ့သော အလှူရှင်များအား အသင်း၏တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်း၊သင်္ကန်း အစရှိသော ဒါတဗ္ဗဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)