မအူပင်ခရိုင် မီးသတ်ဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀% ပြီးစီးမှု ကြည့်ရှုစိစစ်

မအူပင် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာန (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးမှုအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁၂ နာရီက လုပ်ငန်းဆောင်ရွက်ရာ ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးသတ်ဦးစီးဌာန၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (Boy  Culvert) မီးငြိမ်းသတ်ရန်နှင့် ရေလှူဒါန်းရန်အတွက် ရေဂါလံ (၂၀၀၀၀) ရေကန်နှင့် Pump  House လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)