မံစီ ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
မံစီမြို့နယ်အတွက် ကာကွယ်ဆေး စုစုပေါင်း(၁၃)လုံးကိုရရှိပြီး ကာကွယ်ဆေးတစ်လုံးကို လူ(၁၀)ဦးအား ထိုးနှံပေးနိုင်ကြောင်း၊ မြို့နယ်အတွင်း စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၁၁၆)ဦးရှိပြီး ကာကွယ်ဆေးထိုးနှံ၍ မရသည့် ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်ဝန်ထမ်းများကို သာချန်လပ် ထားပြီး ကျန်ဝန်ထမ်း (၉၅)ဦးကို ထိုးနှံခဲ့ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်အား ရှေ;ဦးစွာ ထိုးနှံခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)