လက်ပံတန်း ဇန်နဝါရီ ၂၈
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေသို့ လက်ပံတန်းမြို့နယ် ကိုယ်စားပြု ထည့်ဝင်နိုင်ရန် မြို့နယ်မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရေး ရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ဇနီး ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၁၀)သိန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ထည့်ဝင်လှူဒါန်းခဲ့ရာ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေသို့ လက်ပံတန်းမြို့နယ် ကိုယ်စားပြု ထည့်ဝင်လှူဒါန်းမည့် အလှူငွေပေါင်း စာရင်းအရ ယနေ့အထိ ကျပ်သိန်း(၄၂၀) ရရှိပြီဖြစ်ကြောင်းနှင့် ဇန်နဝါရီလကုန်တွင် နိုင်ငံတော်သို့ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ဝင့်နန္ဒာဌေး