ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ် ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့် ဦးဆောင်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် (၄၀၀၀ဝိ)နှုန်းဖြင့် (စတုတ္ထ အကြိမ်) ကျန်ရှိသည့် ထပ်တိုး အိမ်ထောင်စု(၁၂၃)စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၄၉၂၀၀၀ဝိ) ကို အိမ်ထောင်စု များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)