လက်ပံတန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်နေသော ပရဟိတသမားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

လက်ပံတန်း ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် တွင် လက်ပံတန်း မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်နေသော ပရဟိတသမား များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးရာမှ ကျန်ရှိသည့်ဆေးကို လက်ပံတန်း မြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် လတ်တလော ထိတွေ့မှုရှိသည့် ယာဉ်မောင်းများ၊ Quarantine ဝင်ရောက်နေသူ များအား အနီးကပ် စောင့်ကြည်သူများ စုစုပေါင်း(၄၈)ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်နေသော ပရဟိတသမား (၁၅၀)ဦးခန့် ရှိကြောင်းနှင့် ကျန်ရှိနေသော ပရဟိတသမားများအား မြို့နယ် အတွက် ကာကွယ်ဆေး ထပ်မံရရှိပါက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာ ရဲဝင်းထံမှ သိရသည်။

ဝင့်နန္ဒာဌေး