ဖြူးမြို့နယ်၌ အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဖြူး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော် အစိုးရက ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အဖွင့်အမှာစကား ပြောကြားပြီး ယခင် ထောက်ပံ့ကြေးပေးရာတွင် ကျန်ရှိနေသူများအား ပေးအပ်ရန်၊ အခြေခံလူတန်းစားများတွင် ထောက်ပံ့ငွေ ရရှိသင့်သူများ မကျန်ရှိစေရန်နှင့် ၎င်းတို့အား လက်ဝယ်အရောက် ပေးအပ်ရန် ပြောကြားခဲ့သည်။

ထို့နောက် ဖြူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၂၃၀၈)အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် နှစ်ထောင့်လေးရာခြောက်ဆယ့် တစ်သိန်း ခြောက်သောင်းတိတိကို ထုတ်ပေး ခဲ့ကြောင်း သိရသည်။

ဖြူး (ပြန်/ဆက်)