သုံးခွမြို့နယ် မြို့မစျေးရှိ ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စာရင်းများ ကောက်ယူ

သုံးခွ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးရှိ ဈေးသူ၊ ဈေးသားများကို ကိုဗစ်-၁‌၉ ကာကွယ်ဆေးထိုးရန် စာရင်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

သုံးခွမြို့မစျေးတွင် ဆိုင်ခန်းပေါင်း (၇၃၅) ခန်းတွင် စျေးရောင်းချနေသော စျေးသည်များနှင့် ပျံကျစျေးသည်များ၏ အမည်၊ လူဦးရေစာရင်းများ ကောက်ယူခြင်းဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့်သူများသည် အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ကာ ပုံစံစာရွက်တွင် အမည်၊ အဘအမည်၊ မွေး​သက္ကရာဇ်၊ အသက်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့ကို ဖြည့်စွက်ရမှာဖြစ်ပြီး ​မြို့မစျေးတာဝန်ခံရုံးမှ စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများက ပုံစံစာရွက်များ ဝေငှပြီး ဖြည့်စွက်ပြီးသော ပုံစံစာရွက်များ အား စျေးတာဝန်ခံရုံးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် အဖွဲ့က စိစစ်စစ်ဆေးပြီး စာရင်းပြုစုကာ မှတ်တမ်းရေးသွင်းကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်