လွိုင်ကော် ဇန်နဝါရီ ၂၉
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့ အချိန်မီဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူရန်အတွက် ရွှေစကားဝါထွန်းကုမ္ပဏီ၊ Kayah Golden Brother Co.,Ltd၊ ဖိုးခွား စားသောက်ဆိုင်၊ ရွှေသွန်းအိမ်ကုမ္ပဏီ၊ HAPTIC Co.,Ltd၊ ထူးဝေလင်းကုမ္ပဏီ၊ MSME Kayah Association၊ နိုင်လင်းစတားကုမ္ပဏီ၊ ကယား ငွေသဇင်ကုမ္ပဏီတို့က အလှူငွေကျပ်(၁)သိန်းစီကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် ခေတ္တ ဝန်ကြီးချုပ် ရုံးခန်း၌ လာရောက်လှူဒါန်းခဲ့ သည်။
ထိုသို့ လှူဒါန်းရာတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ဦးအံ့မော် တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)