သတင်းများ

ရွှေကူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှု​ရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁ဝ နာရီအ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) နှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်၌ အသုံးပြုရန်အတွက် (Song Box)တစ်လုံးလှူဒါန်း
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ အသုံးပြုရန်အတွက် မန့်ဟီးရိုးနယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ် တင်အောင်စိုးနှင့် ဇနီးမောင်နှံတို့က ယနေ့ နံနက်(၁၀)နာရီအချိန်က Professional Pa Speaker(Song Box) တစ်လုံးပေးအပ်လှူဒါန်းသည်။
လပွတ္တာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 29,2021
လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်တက်ရေးဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာ ရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့တွင် ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
​ကျောက်တံတားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊​​ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ရပ်ကွက်များအလိုက် ထပ်တိုး ထောက်ပံ့ငွေပေးအပ်လျက်ရှိရာ ယနေ့​ နေ့လယ်(၁)နာရီအချိန်က အမှတ်(၇) ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်၊​ဒေါ်မြလှစံ၊ တာဝန်ကျဌာနဆိုင်ရာအရာရှိများ နှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့က အိမ်​ထောင်စု(၅၈)စုတို့အတွက် တစ်အိမ်​ထောင်လျှင်​ငွေကျပ် (၄၀၀၀ဝိ/_)နှုန်းဖြင့် ပြည်သူများ လက်ဝယ်အ​ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 29,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္တအကြိမ် ထပ်တိုးထောက်ပံ့ငွေ ပေးအပ်လျက် ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က တာဝန်ရှိသူတို့ သွား​ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်ကြသော ကျန်းမာရေးဝန်ထမ်းများကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မူဆယ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။